Sunday, July 1, 2012

ဗီဒီယိုဖိုင်များ၊ MP3 ဖိုင်များနှင့် ဓာတ်ပုံများကို CODE အဖြစ် ပြောင်းလဲနည်း

ဗီဒီယိုဖိုင်များ၊ MP3 ဖိုင်များနှင့် ဓာတ်ပုံများကို CODE အဖြစ် ပြောင်းလဲ အသုံးပြုလိုသူများအတွက် လက်ဆောင်လေးပါ။

၁။ http://www.myanmarfriendconnect.com/ ဒီလင့်ခ်လေးမှာ မန်ဘာအဖြစ် ၀င်လိုက်ပါ။


၂။ အောက်မှာ ရှိတဲ့ add a video, add a photo, add an audio track ထဲမှာ မိမိလုပ်လိုတာကို add လုပ်ဖို့ ကလစ်ပါ။


၃။ Browse ကို ဖွင့်ပြီး မိမိစက်ထဲမှ မိမိပြောင်းလိုသော ဖိုင်ကို ရှာပြီး ကလစ်ပါ။


၎။ ဖိုင်ကို ရွေးချယ်ကလစ်ပြီးလျှင် Title အကွက်တွင် ဖိုင်နာမည်ပေးပါ။


၅။ Tags တွင် သီချင်း၊ ဟာသ စသည်ဖြင့် အမျိုးအစား သတ်မှတ်ပေးပါ။


၆။ နောက်ဆုံးအနေဖြင့် အောက်ဆုံးမှ add video ကို ကလစ်လိုက်ပါ။ နမူနာအနေဖြင့် ဗီဒီယိုဖိုင်ကို ပြထားခြင်းသာ ဖြစ်သည်။ audio ဖိုင်ဖြစ်လျှင်လည်း အလားတူပင် လုပ်ရပါမည်။


၇။ လုပ်ထားသည့်ဖိုင် တက်သွားလျှင် ဖိုင်ကို ကလစ်ပြီး အောက်ပါ ပုံတွင် ပြထားသည့်အတိုင်း share ကို ကလစ်ပါ။


၈။ နောက်ထပ်ပေါ်လာသည့် အကွက်ထဲမှ ကုတ်များကို Copy To Clipboard ကို နှိပ်၍ ယူလိုက်ပါ။
ယင်းကုတ်များဖြင့် ကွန်မန့်ပေးနိုင်သည်။ ပို့စ်နောက်ခံ သီချင်းများ ထည့်နိုင်သည်။ ဗီဒီယိုဖိုင်များကို ကုတ်အဖြစ် တင်ထားနိုင်သည်။

ဤပို့စ်၏အပေါ်ဆုံးတွင် တင်ထားသည့် သီချင်းသည် မူရင်းကုတ်များကို ဘာမှ မပြောင်းဘဲ တင်ထားသဖြင့် player ပုံပါ ပေါ်နေသည်ကို တွေ့ရပါမည်။ ယင်းသီချင်း၏ ကုတ်များကို အောက်တွင် ဖော်ပြထားပါသည်။ နေရာ သုံးနေရာမှ အနီရောင် စာလုံးများကို သေချာကြည့်ပါ။



<object height="90" width="420" codebase="http://download.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=6,0,40,0" classid="clsid:d27cdb6e-ae6d-11cf-96b8-444553540000" id="kickWidget_67853_33017">
<param name="name" value="kickWidget_67853_33017" />
<param name="data" value="http://serve.a-widget.com/service/getWidgetSwf.kickAction" />
<param name="FlashVars" value="affiliateSiteId=67853&amp;widgetId=33017&amp;width=420&amp;height=90&amp;autoPlay=0&amp;mediaType_mediaID=audio_910365" />
<param name="wmode" value="transparent" />
<param name="allowFullScreen" value="true" />
<param name="allowScriptAccess" value="always" />
<param name="src" value="http://serve.a-widget.com/service/getWidgetSwf.kickAction" />


height 90 - width 420 သည် player ၏ အလျားအနံပမာဏ အတိုင်းအတာကို ဖော်ပြချက်ဖြစ်သည်။ ပို့စ်နောက်ခံတွင် ယင်းပုံကို မပေါ်စေလိုပါက ယင်းတို့၏တန်ဖိုးကိန်း (90 - 420) နှစ်ခုလုံးကို 1 ဟု ပြောင်းပေးပါ။

autoPlay=0 အတိုင်းထားလျှင် လူက ကလစ်မှ သီချင်းသံ ပေါ်နိုင်သည်။ ကလစ်စရာမလိုဘဲ အလိုလို သီချင်းသံထွက်စေလိုလျှင် 1 ဟု ပြောင်းပေးပါ။ ယင်းသို့ ပြောင်းပြီးလျှင်HTML Editor ကို ကလစ်ပြီး ထည့်သွင်းရပါမည်။

အားလုံးအဆင်ပြေနိုင်ကြပါစေ။

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။