Sunday, July 1, 2012

မောင်မုတ်သုံနှင့် သူ၏ပန်းခင်းလမ်း

မုတ်သုံတစ်ယောက် စိုးရိမ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညနေတိုင်း လင်းခေးသူရဲ့ အရက်ဆိုင်မှာ ဆုံနေကျ သုရာညီအစ်ကို သုံးယောက်တွင် သူက နောက်ကျနေလို့ ဖြစ်ပါတယ်။

``ဟေ့ရောင် အလင်း ...အေ့။ မင်းပြောတော့ မုတ်သုံ ဒကာခံမယ်ဆို။ ငါ ပိုက်ဆံမပါဘူးနော်။ ခွီးး ထွိန်´´


``အိုဗျာ ကိုဆန်းကလဲ ... ပူတတ်ရန်ကော ... အေ့။ သူ့ ကောင်မလေးကို ဘူတာရုံ လိုက်ပို့ ပြီးရင် အေ့ ချက်ချင်း ပြန်လာမှာပါ´´


``ဟေ... သူက ကောင်မလေးရနေပြီလား ...။ အဲဒါလဲ ကောင်းတာဘဲ။ နို့ မို့  ငါ့ကောင်မလေး မိုးဟေကို ကိုလေ နံမီးချစ် နံမီးချစ်နဲ့ ကဗျာတတန် ပေတတန် လုပ်နေတာကွ။ ကောင်မလေးက တစ်ရက် ရေ သုံးခါ ချိုးပါတယ်ကွာ ...။ မနံပါဘူး။ နံတော့ရော သူ့အကြောင်းလားကွာ။ သက်သက် နာမယ်ဖျက်နေတာကွ...ထွီးးးးးးးးအီ´´


``အို....ဘိုဆန်းကလဲဗျာ လက်စားချေတတ်တဲ့ ဂရိနတ်သမီး နမ်မီးဆစ်ပါဗျ´´


``ဘာဖြစ်ဖြစ်ကွာ ...။ ဒီကောင် ရည်းစားရသွား ပြီးရော ...´´



``သူ့ ရည်းစားက တိုင်းရင်းသူလေးဗျ။ အဲဒါကြောင့် အခု ကလောင်နာမည်တောင် မုတ်သုံ (ကန်ဘောစ) လို့ ပြောင်းထားတယ်လေ´´

``ဟင်...ကမ္ဘောဇ မဟုတ်ဘူးလားကွ´´

``မော်ဒန်ခေတ်မှာ ကာရံတွေ စာလုံးပါင်းတွေ ခွေးချီးပဲတဲ့ဗျ ...။ သူပြောတာဘဲ´´

``အေးပေါ့ ကွာ ...။ သူ စိတ်ချမ်းသာရင် ဖော်အဲဗား သာယာတာပေါ့ ...။ ဟော ... ပြောရင်းဆိုရင်းနဲ့ လာပဟ...။ အသက်ကတော့  ကားတိုက်တောင် သေမှာမဟုတ်ဘူး´´

မှိုတစ်ခင်းလုံး ဆွတ်လာသော မျက်ခွက်ဖြင့် ၀င်လာသော မုတ်သုံ ...။ ပင်နီ ရှမ်းဝတ်စုံ ပြည့်ဖြင့် ချီတက်လာချေပြီ။

``လာကွာ ကန်ဘောကြီး´´

``ဟာဂျာ ဘိုဆန်းကလဲ ...။ မနောက်ပါနဲ့ဂျ´´

``အော ...။ ညီအစ်ကို ချင်းချင်း ငါ့ကို မြက်နုတွေ ကျွေးတုံးကတော့ ကောင်းတယ်ပေါ့လေ။ အခု မင်းအလှည့် ရောက်ပြီ´´

``တနားကြပါခညာ ...။ တနားကြပါခည...။ (သူ့အသံလေးနဲ့ ဒီမယ်လိုဒီလေး လိုက်ဖက်လို့ပါ)။ တောင်းပန်ပါတယ် ခည ...။ ကျနော် သူလေးကို တကယ်အချစ်စစ်နဲ့ ချစ်တာပါဂျာ....´´

``ဟမ် ... အရင်လူတွေကိုလဲ မင်းဒီလိုပဲ ပြောခဲ့တာပဲ။ အေးလေ မင်းအချစ်စစ်ကလဲ ၁၅ ရက် တစ်ခါလောက် ပေါ်ပေါက်နေတာဘဲကိုး ခွိခွိ´´

ဟေ့ရောင် အလင်း ...။ မင်း ထိုင်ရီမနေနဲ့  ငါ အရက်ဖိုး မရှင်းဘူးနော´´

``ရတယ်လေ ... မင်းကတိဖျက်ရင် မင်းမင်္ဂလာဆောင်ကျတော့ ငါလဲ ကူငွေ မထည့်ဘူးပေါ့´´

``ဟာ မဦးမချွတ်ကွာ .... လက်ဖွဲ့ငွေ လုပ်စမ်းပါကွ။ ကူငွေဆိုတာ မသာတွေမှာ ထည့်တာလေကွာ။ ခုတောင် သူ့ဘက်က သဘောမတူဘူးတဲ့ကွာ´´

ဘာလို့ လဲကွာ ...။ ဒိလောက် ချောချောလှလှ သဘောကောင်းကောင်းလေးကို´´ (တကယ်တော့ မဟုတ်ပါဘူး။ အရက်ဖိုးမရှင်းမှာစိုးလို့ )

``ကောင်မလေး ပေးသွားတဲ့ စာကို ဖတ်ကြည့်ကြလေဗျာ...´´

သို ... အားကို

နမ်ပျံချင်ဘူး ကိုနဲ့ တေ့ရတာနဲတယ် (တွေ့ ရတာနည်းတယ်) အမြဲတေ့ ချင်နေတော့ဒယ် (အမြဲတွေ့ချင်နေတော့တယ်)

မြန်မြန် နီးမဲ့လမ်း ရှာလေ ကို...။ ကိုလဲ နီးရမယ့် လမ်းကို မြန်မြန်ရှာနော့ (ဘုရား ဘုရား) နမ် အခု ပျံဒါနဲ့  ကို့ကို ဖေနဲ့ မောင်နဲ့  ပြောပလိုက်မယ် (အဖေနဲ့ မောင်ကို ပြောပြမယ်) ကို့ဆီး ... နောက်အပတ်ပျံ လာချင်ပေမဲ့ နမ်း မအာဖြစ်နေတယ် ... ကို့ကို နေဒိုင်း လွှမ်းတယ်။ ကိုကဒေါ့ (:P) ဘယ်လိုမှ ခံစားရမယ် မထင်းဘာဘူ။ တကယ်လိုး လွှမ်ဒယ်ဆိုရင်း နောက်အပတ်ဖြစ်ဖြစ် နောက်အပတ်ရဲ့  အရှေ့ပတ် ဖြစ်ဖြစ် ကို လိုက်လာခဲ့ဘာ။ ကိုနဲ စေ့စပ်ဖို့ လာဆွေးနွေးဘာနော်။ ညမလေ စေ့ကို စပ်ချင်လှပြီ။

ခြစ်သော နန့်။


`` ဟားးးးးးးးးးးးးးးး မုတ်သုံ ...။ မင်းကဒေါ့ စွံပြီပဲကွ။ မိန်းမရတော့မှာဘဲ´´

`` ကျနော်လဲ ပျော်ပါတယ်ဗျာ ...။ ဒါပေမဲ့ သူ့ အဖေက မလွယ်ဘူးဗျ...´´

``အော်... ဒါလေးများကွာ။ သူ့ သမီးက ပါနေပြီဘဲ....။ လာတောင် တောင်းခိုင်းနေတာ´´

``သူ့ အဖေက သွားဆရာဝန်ဗျ...။ ကျွန်တော့် သွားတွေက ..´´ (ငိုသံပါကြီးဖြင့် )

မုတ်သုံကား ရုပ်ကလေး မဆိုးပေမယ့် သွားများကား ကျဲလဲကျဲ၊ မည်းလဲမည်း၊ ကျိုးလဲကျိုးနေသူပါ။ ရှိသည့် တောင်တစ်ချောင်း မြောက်တစ်ချောင်းကလဲ သွားတိုက်လေ့မရှိဘဲ ကွမ်းစားထားသဖြင့် ကွမ်းချိုးများဖြင့် ညစ်ထေးနေသည်။ သွားပြင်ရန် သူ့ကို ပြောသူကား သူ့ ရန်သူပင်တည်း။ အချစ်ဦးနှင့် မပေါင်းရသောကြောင့် အထိမ်းအမှတ်အဖြစ် ထားတာဟု အကြောင်းပြလေ့ရှိသော်လည်း ဘယ်သူကမှ မယုံကြပါ။ သွားမလှ သောကြောင့် အရယ်အပြုံးနည်းပါသည်။ ကံကောင်းချင်တော့ ဒါကိုမသိတဲ့ ကောင်မလေးတွေက တည်တံ့သူဆိုပြီး ခိုက်ကြလေသည်။

``အားမငယ်ပါနဲ့ ကွာ ...။ အချစ်စစ်မှန်ရင် ကံကောင်းမှာပါ ငမုတ်ရာ...´´ အလင်းရောင်က အားပေးရှာပါသည်။

ကောင်မလေး ချိန်းဆိုသောနေ့တွင် မိန်းမတောင်းရန် မုတ်သုံ နန့်ခမ်းမြို့သို့  သွားရောက်ခဲ့ပါသည်။ ယောက္ခထီး ယောက်ဖတို့နှင့်လဲ အဆင်ပြေပါသည်။ မရီမိအောင်တော့ ကြိုးစားနေရတာပေါ့။ထို့ကြောင့်လဲ မုတ်သုံ ကံကောင်းနေရခြင်းလည်း ဖြစ်မည်ထင်ပါသည်။

မုတ်သုံကံဆိုးချိန်ကား မဆိုင်းမတွ ဖြုတ်ချည်း ရုတ်ချည်း ရောက်လို့လာပါပြီ။ မိသားစု ဖော်အဲဗားတီဗွီမှ လာနေသော သတင်း ကြည့်နေစဉ် ဖော်အဲဗား အပျိုဟိုင်းကြီးများကို သီလရှင်ဝတ်စုံနှင့် မြင်လိုက်ရသဖြင့် ဟက်ဟက်ပက်ပက် ရယ်ချလိုက်သည်။ ကောင်မလေးအဖေ ဦးစိုင်းလုံက သားမက်လောင်းလေးကို သဘောကျစွာ လှည့်ကြည့်လိုက်ရာ

``ဟာ ...! မောင်မုတ်သုံ မင်း သွားတွေ ... ။ ဟာ ..... ညစ်ပတ်လိုက်တာ သဘောမတူဘူးကွာ´´

``ကျနော် ပြန်နုတ်ပြီး စိုက်ပါ့မယ် ခည´´

``အော်... မင်းက ဒီယုံမြင်လို့  ဒီခြုံထွင်တာလားကွ ...။ သွားစိုက်ဖို့ ငွေ သက်သာအောင် ငါ့သမီးကို ကြိုက်တာလားးး´´


``မပေးစားဘူးကွာ ...။ ဆယ်သက် သဘောမတူဘူးကွ...´´

မတော်သေးသော ယောက်ဖကလဲ ရှမ်း သိုင်းကွက်ကို ခင်းပြနေသည်။ မုတ်သုံ ဇောချွေးများ ဗူးသီးလုံးလောက် ကျနေစဉ် သူ့ကို ကယ်မည့်သူ ပေါ်ပေါက်လာပါသည်။ ကောင်မလေးရဲ့အဖွားပါ။

``ဒီမှာ ခလေး ...။ တစ်ချက် ထပ်ရယ်ပြစမ်းကွဲ့ ´´

မုတ်သုံက ရယ်ပြလိုက်လျှင်

``အောင်မယ်လေး စိုင်းလုံ ...။ နင့် အဖေ သွားတွေနဲ့ မတူဘူးလားကွဲ့ ´´

``အိုး ... စိုင်းခွန်ဖရဲ့ သွားမပြင်ချင်သူကြီးရဲ့ ...။ ကွမ်းချိုးတက်နေတဲ့ သွားလေးတွေ ခုပြန်မြင်ရပါပေါ့လား။ အီးဟီးဟီး...´´

အဖွားကြီးက မုတ်သုံကိုဖက်ကာ ငိုလေတော့သည်။

`` ဟေ့ ... ။ ဘယ်သူမှ ဘာတစ်ခွန်းမှ မပြောကြတော့နဲ့ ...။ ငါ သဘောတူတယ် ပေးစားမယ်။ မင်း ဒီသွားကို ငါ အလွမ်းပြေကြည့်ဖို့ လုံးဝမပြင်ရဘူး။ ဒါအမိန့်ပဲ။ ဟဲ့ ... ငစိုင်းလုံ ...။ နင်သဘောမတူရင် နင် ငါ့အိမ်ပေါ်က ဆင်းးး´´

``မြေးလေး .... အဖွားသဘောတူတယ်နော်။ အားမငယ်နဲ့ ....။ ဒါပေမယ့် အဖွားကိုလေ တစ်နေ့တစ်ခါတော့ မြေးလေးနန်းကို ပြုံးပြသလို အချစ်ရည်ရွှန်းတဲ့ မျက်ဝန်းလေးတွေနဲ့တော့ ပြုံးပြပေးရမယ်နော်´´

အခြေအနေက ပြောင်းလဲသွားလေပြီ ...။ ဦးစိုင်းလုံတစ်ယောက် တော်ရမယ့်သားမက် ရယ်လိုက်တိုင်း ဗေလုဝအပြုံ့းကို မြင်ယောင်ရင်း ရင်ထဲ အောင့်နေသော်လည်း အသက် ၈၀ ကျော် သူငယ်ပြန်နေသော အမေဖြစ်သူကိုလဲ တစ်ခွန်းတစ်ပါဒမျှ စောဒက မတက်နိုင်ရှာရကား ခေါင်းကြီးကိုသာ ငိုက်စိုက်ချ၍ နေရရှာတော့သည်။

မုတ်သုံနှင့် သူ့ချစ်သူလေးတို့ကား ပန်းခင်းလမ်းလေးဆီသို့သာ -------

(သနားလို့ ပေါင်းပေးလိုက်ပါတယ် မုတ်သုံ။ ကျေနပ်မှာပါ)

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။