Thursday, October 18, 2012

လွမ်းမိတယ်





ပန်းတွေမြင်လျှင်

ဆွတ်ကြင်ချိုမွှေး ပန်းရောင်ပြေးလျက်

နုထွေးနီမြန်း ခင့်နှုတ်ခမ်းကို

ဝေးဝေးကမှန်း လွမ်းမိတယ်.....။



ကြယ်တွေတွေ့လျှင်

သခင့်မျက်ဝန်း ... လဲ့ရွှန်းကြည်စင်

ရင်ခွင်လင်းလက် .... တသက်သက်မို့

ရက်ဆက်ညစဉ် ... လွမ်းမိတယ် ....။



ဘာသာသီကျူး ... ငှက်သံမြူးလျှင်

ချစ်ဦးနှစ်သက် ... စုံမက်တေးသွား

ဘယ်ချိန်ကြားလဲ

ကြားဆဲချိန်တိုင်း .... လွမ်းမိတယ် ....။

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။