Sunday, October 21, 2012

ပြည်တွင်း ဖုန်းနံပါတ်ဖြင့် ဂျီမေးလ် အကောင့် လုပ်နည်း


Bookmark and Share Simon Rau | 2:23 PM | |

ဂျီမေးလ် အကောင့်အသစ် ပြုလုပ်လိုသူများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် ဖုန်းနံပါတ်များကို အသုံးပြုကာ အီးမေးလ် အကောင့် သစ်များ ပြုလုပ်နိုင် ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

Google က ယင်း၏ Gmail Account သစ်ကို ပြုလုပ်သည့်အခါ မြန်မာပြည်တွင်းမှ ဖုန်းနံပါတ်များဖြင့် Code နံပါတ် အတည်ပြုခြင်းကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
ယခင်က ပြည်တွင်းမှ အင်တာနက် အသုံးပြုသူများအနေဖြင့် Google ၏ ဂျီမေးလ် အကောင့်သစ်များကို ပြုလုပ်လိုပါက ကိုယ်ပိုင်ဖုန်းနံပါတ် (ပြည်တွင်းကုတ် နံပါတ်) များဖြင့် မပြုလုပ်နိုင်သဖြင့် ပြည်ပနိုင်ငံများတွင် နေထိုင်သည့် မိတ်ဆွေများ၏ ဖုန်းနံပါတ်များဖြင့်သာ ပြုလုပ်ပြီး Gmail Account သစ်များကို ရယူနိုင်ခဲ့ကြသည်။

“အခုလိုမျိုး ဂူဂဲလ်က လုပ်ပေးတော့ ဒီနိုင်ငံရဲ့ ပြည်တွင်းဆက်သွယ်ရေး စနစ်ကို အသိအမှတ်ပြုလာတာ ဖြစ်နိုင်တယ်။

အရင်ကလို ဂျီမေးလ်အကောင့်သစ် လုပ်ချင်ရင် နိုင်ငံခြားက အသိမိတ်ဆွေတွေကို အကူအညီ လှမ်းတောင်းရတဲ့ အခက်အခဲတွေနဲ့တော့ ကင်းဝေးသွားပြီပေါ့” ဟု ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီ တစ်ခုတွင် လုပ်ကိုင်နေသည့် သက်လတ်ပိုင်း အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုသည်။

 ထိုကဲ့သို့ ဂျီမေးလ် အကောင့် အသစ် ပြုလုပ် သူများအနေဖြင့် ပြည်တွင်းဖုန်းနံပါတ်များကို အသုံးပြုရာတွင် Google မှ ပြုလုပ်သူ၏ ဖုန်းနံပါတ်သို့ Audio Message စနစ်ဖြင့် ပြန်လည်ပေးပို့မည်ဖြစ်ပြီး ယင်းနောက်တွင် အီးမေးလ်အကောင့်သစ်ကို အသုံးပြုနိုင်မည် ဖြစ်သည်ဟု Google ၏ အဆိုပါဝန်ဆောင်မှုက စမ်းသပ်ပြုခဲ့ကြသည့် ရန်ကုန်မြို့တွင်း နေထိုင်သော အင်တာနက် ကျွမ်းကျင်သူများထံမှ သိရသည်။

From:7Day News Journal By:ယုဇနကိုကို
http://www.simon-vlog.com/2012/04/blog-post_2040.html#.UIODWGcxPho

ပြည်တွင်းဖုန်းနံပါတ်ဖြင့် ဂျီမေးလ် အကောင့်လုပ်နိုင်ပြီ


ပြည်တွင်းဖုန်းနံပါတ်ဖြင့် ဂျီမေးလ် အကောင့်လုပ်နိုင်ပြီ

ရန်ကုန်၊ မတ်-၂၀
ဂျီမေးလ်အကောင့် အသစ်ပြုလုပ်လိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဖုန်းနံပါတ်များကို အသုံးပြုကာ အီးမေးလ်အကောင့်သစ်များပြုလုပ်နိုင်ပြီဖြစ်ကြောင်းသတင်းရရှိသည်။
Google ကယင်း၏   Gmail Account  သစ်ကို ပြုလုပ်သည့်အ ခါ မြန်မာပြည်တွင်းမှ ဖုန်းနံပါတ် များဖြင့်   Code   နံပါတ်အတည်ပြု ခြင်းကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယခင်က ပြည်တွင်းမှ အင်တာနက်အသုံးပြုသူများအနေဖြင့် Google ၏ ဂျီမေးလ် အကောင့်သစ်များကို ပြုလုပ်လိုပါက ကိုယ်ပိုင်ဖုန်းနံပါတ် (ပြည်တွင်းကုတ်နံပါတ်)များဖြင့် မပြုလုပ်နိုင်သဖြင့် ပြည်ပနိုင်ငံများတွင်နေထိုင်သည့် မိတ်ဆွေများ၏ ဖုန်းနံပါတ်များဖြင့်သာပြုလုပ်ပြီး   Gmail Account   သစ်များကို ရယူနိုင်ခဲ့ကြသည်။
“အခုလိုမျိုး ဂူဂဲလ်ကလုပ်ပေးတော့ ဒီနိုင်ငံရဲ့ ပြည်တွင်းဆက်သွယ်ရေးစနစ်ကို အသိအ မှတ်ပြုလာတာဖြစ်နိုင်တယ်။ အရင်ကလို ဂျီမေးလ်အကောင့်သစ်လုပ်ချင်ရင် နိုင်ငံခြားက အသိ မိတ်ဆွေတွေကို အကူအညီလှမ်းတောင်းရတဲ့ အခက်အခဲတွေနဲ့တော့ ကင်းဝေးသွားပြီပေါ့” ဟု ပုဂ္ဂလိကနည်းပညာကုမ္ပဏီတစ်ခု တွင် လုပ်ကိုင်နေသည့် သက် လတ်ပိုင်း အမျိုးသားဝန်ထမ်းတစ် ဦးကဆိုသည်။
ထိုကဲ့သို့ ဂျီမေးလ်အကောင့် အသစ် ပြုလုပ်သူများအနေဖြင့် ပြည်တွင်းဖုန်းနံပါတ်များကို အသုံး
ပြုရာတွင်   Google   မှ   ပြုလုပ်သူ၏ ဖုန်းနံပါတ်သို့  Audio Message စနစ်ဖြင့် ပြန်လည်ပေးပို့မည်ဖြစ် ပြီး ယင်းနောက်တွင် အီးမေးလ်အကောင့်သစ်ကို အသုံးပြုနိုင် မည်ဖြစ်သည်ဟု Google ၏ အဆို
ပါဝန်ဆောင်မှုကို စမ်းသပ်ပြုခဲ့ ကြသည့် ရန်ကုန်မြို့တွင်း  နေထိုင်သော အင်တာနက်ကျွမ်းကျင်သူ များထံမှသိရသည်။
http://7daynewsjournal.com/article/


မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။